တောင်ကြီး မေ ၂၁
စာရေးရိက္ခာဖူလုံဖူလုံရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားတိုးတက်စေရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့ ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံတို့က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်စုရည်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါခင်လေးဇံ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်စုရည်တို့က လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူကတ်ပြားများကိုလည်းကောင်း၊ ပိုးသတ်ဆေးဖျန်းအကာအကွယ်ဝတ်စုံများကို စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်မှူးကလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူးကလည်းကောင်း ပေးအပ်ကြရာ သင်တန်းသူ/သင်တန်းသားများက လက်ခံရယူကြပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းအား ပိုးသတ်ဆေးရောင်းချသူများ၊ စိုက်ပျိုးရေးဆေးကုမ္ပဏီဝန်ထမ်းများ၊ သီးနှံအစုအဖွဲ့မှတောင်သူများ၊ လုပ်ကွက်ငယ်တောင်သူများနှင့် စိုက်ပျိုးရေးဝါသနာရှင်များ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)