သတင်းများ

သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်
May 21,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ၁၀ မျိုး ၁၀ ဘောင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
May 21,2026
"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လမ်းစုံ၌ ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်တွင် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်) စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်
May 21,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်)စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ချောင်းဖြူကျေးရွာဓမ္မာရုံ၌ကျင်းပသည်။
ကော့ကရိတ်မြို့၌ မီးဘေး၊ သဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသ
May 21,2026
မီးဘေးအန္တရာယ်၊ သဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်၍ အသိ၊ သတိ ရှိစေရန် ရည်ရွယ်ပြီး မီးသတ်ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၆) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသ ခြင်းကို  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
May 21,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးလှုပ်ရှားမှုအဖြစ် “နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးတိုးမင်း နွေစပါးစိုက်ခင်းများ ကြည့်ရှုစစ်ဆေး
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၄၄) တွင် တောင်သူဒေါ်နုနုရီ အပါအဝင်(၈) ဦး၏ တစ်နှစ်(၃)သီး စိုက်ဧရိယာ၌ ရက်(၉၀) စပါးမျိုး အသုံးပြုစိုက်ပျိုးထားရှိသည့် တတိယသီးနှံ နွေစပါးစိုက်ခင်း (၄၀.၀၀) ဧက အတွင်း ယူရီးယားဓာတ်မြေဩဇာ(၁)ဆနှင့် သဘာဝမြေဆွေး (၃)ဆတို့ ရောနှော၍ ‌ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်းနှင့် ပေါင်းနှုတ်သမန်းနှိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးတိုးမင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်မိုးစတင်ရွာခြင်းနှင့်အတူ ပဲပုတ်သီးနှံစတင်စိုက်ပျိုး
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစတင်ရွာခြင်းနှင့်အတူ ရာသီသီးနှံစိုက်ပျိုးရာတွင် ပဲပုတ်သီးနှံများကိုစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။