သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယအကြိမ်) ဆက်လက်တိုက်ကျွေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယ) အကြိမ် တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းများ၌ ဆက်လက်တိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌‌ပေး သင်တန်းဖွင့်လှစ်
Sep 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက် မှု များအား စီစစ်ကြပ်မတ်စစ်ဆေး
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များလျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်၇နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ဆောင်ရွက်
Sep 24,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာ မူလတန်းလွန်(အရှေ့စု)ကျောင်း၌ ဆောင်ရွက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ
Sep 24,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့သည်။
အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် မန်ကျည်းပျိုးပင် (၂၂၅၀) ပင် စိုက်ပျိုး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် တတိယအကြိမ်မြောက် မိုးရာသီ မန်ကျည်းပင်စုပေါင်းစိုက်ပျိုးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Sep 24,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။