သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရေကြည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မိသားစုအပိုဝင်မှစီးပွားဖြစ် ဝင်ငွေရရှိရေး လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း  သိရသည်။
အိမ်မဲမြို့နယ်အ-ထ-က(၂)ကျောင်း ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အဆင့်ကျင်းပသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိ အောင်သင်ကြားပြသပေးသော ဆရာ/မများနှင့် လူရည်ချွန်ရရှိသော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား စက်တင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ
Sep 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID) ကတ် ပြုလုပ်ပေး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈) ရန်-မန်းလမ်း‌ပေါ်ရှိ ရွာလယ်အခြေခံဘာသာရေးအဆောက်အဦးတွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID)ကတ် ပြည်သူများအား ပြုလုပ်ပေးခဲ့သည်။
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများ တိုက်ဆိုင်စိစစ်ခြင်း ဆောင်ရွက်
Sep 24,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သွားမည့်ကိုယ်စားလှယ်လောင်းများ၏ တင်သွင်းလွှာများအား တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (ယာယီရုံးခန်း) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ
Sep 24,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံပွဲကျင်းပသည်။