ညောင်တုန်း စက်တင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ နယ်မြေအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ညောင်တုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)