ကော့ကရိတ် မေ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ၁၀ မျိုး ၁၀ ဘောင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်ချက်များ၊ နည်းပညာများ၊ ရင်းနှီးစိုက်ပျိုးစရိတ်ချေးငွေ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားများ ပြောကြားခဲ့ပြီး မျိုးစေ့ပေးအပ်ပွဲ တက်ရောက်လာသည့် တောင်သူ (၅၀) ဦးတို့အား တစ်ဦးလျှင် ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ် ၁၂ ထုပ်စီ ပေးအပ်ခဲ့ကာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)