သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် စပါးစိုက်ခင်းများ ရေဝင်ရောက်မှု၊ ရေစီးရေလာကောင်းမွန်ရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးထားရှိမှုများ ကွင်းဆင်းကြည့်ရှု
Sep 25,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စပါးစိုက်ခင်းများ ရေဝင်ရောက်မှု၊ ရေစီးရေလာကောင်းမွန်ရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်
Sep 25,2025
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့  နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
နမ့်စန်မြို့ အ.ထ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်သူ့လွှတ်တော်အတွက်အမည်စာရင်း တင်သွင်းလွှာများ စတင်စိစစ်
Sep 25,2025
ကရင်ပြည်နယ် ဖာပွန်ခရိုင်ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဖာပွန်ခရိုင်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့်  ပြည်သူ့လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များအတွက် အမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းကို စက်တင်ဘာ ၂၄ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်း  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး
Sep 24,2025
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း က ထားဝယ်မြို့  ဆန်းချီဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ခမောက်ကြီးမြို့တွင် ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Sep 24,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ ဖျော်ဖြေတင်ဆက်
Sep 24,2025
(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပ သည်။