သတင်းများ

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေးနှင့်သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Sep 24,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ  အခြေခံပညာကျောင်းများ၌   ကျောင်းသား/သူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အလက(ခွဲ) ဗိုလ်ချုပ်၊ မူလွန်(၂)ကျောင်း၊ ညောင်လေးပင်  မူလွန်နှင့်ကံသာမြင့် မူလွန် ကျောင်းတို့၌ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ပညာလင်းရောင် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ
Sep 24,2025
ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့်စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နံနက် ၉ နာရီကအဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးပြည်သူ့ဆေးရုံ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း
Sep 24,2025
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်များမှပြည်သူ့ အကျိုးပြုအနေဖြင့်စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်ကဖြူးခုတင် (၁၀၀)ဆံ့ ပြည် သူ့ဆေးရုံ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ရေဖြူမြို့၌ သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရန် မြို့နယ်သစ်တောဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဖြူမြို့မရပ်ကွက်အတွင်း စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့၊‌ ငွေပျော်စံပြ‌ကျေးရွာ၌ သဘာဝဘေးအသိပညာပေး၊ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 24,2025
ကချင်ပြည်နယ်၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ စားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့ အခြေခံပညာကျောင်းများရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ရောဂါ (DT)ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှကလေးငယ်များအား ကျန်းမာရေးဦး စီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိသည်။
ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီအချိန်၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။