သတင်းများ

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Sep 25,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လောကနတ်ခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်လူနေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးသည့် ဆောက်လုပ်ရေးသုံးပစ္စည်း သံချောင်းလုံးများ မြို့ဟောင်းဘူတာသို့ရောက်ရှိ
Sep 25,2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်  မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ လူနေ အဆောက်အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီး၊ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှအိမ်အမျိုးအစားအလိုက်ဆောက်လုပ်ရေးသုံးပစ္စည်း များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
မိုးနဲမြို့နယ်၌ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Sep 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁၀) နမ့်ဟူးပစ် အခြေခံပညာမူလတန်းကျောင်း၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
လင်းခေးခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Sep 25,2025
လင်းခေးခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ(အ.ထ.က) မိုင်းခတ်‌ကျောင်းသား ကျောင်းသူလေးများက Fitness Dance အကနှင့်ထာဝရ မြန်မာသီချင်းဖြင့် ကပြဖျော်ဖြေပြီးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။