ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ငါန်းဇွန် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လောကနတ်ခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာကိစ္စများ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းက မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများအား ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၇၄)ဦးခန့် တက်ရောက်ခဲ့ကြသည်။

သက်နောင်ဦး(ငါန်းဇွန်)