ငွေဆောင် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်း ကိုဗစ်−၁၉ ပိုးတွေ့လူနာ (၁၄)ဦး တွေ့ရှိကြောင်း မြို့ကိုဗစ်ကော်မတီ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပိုးတွေ့လူနာများမှာမှာ ငွေဆောင်မြို့ အမှတ် (၁)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ အမှတ်(၂) ရပ်ကွက်မှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၇)ဦး ၊အမှတ်(၄)ရပ်ကွက် ဘူးကွဲမှအမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း(၁၄)ဦး တို့အား ယမန်နေ့ညနေ(၄)နာရီ ချိန်က ငွေဆောင်ဆေးရုံ၌ ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပိုးတွေ့လူနာများသည် အသွားအလာကန့်သတ်ထားရှိသူများဖြစ်ပြီး ရောဂါပိုး စစ်ဆေး တွေ့ရှိပြီး သည်နှင့် ငွေဆောင်တိုက်နယ်ဆေးရုံ ကိုဗစ်-၁၉ လူနာထားရှိဆောင်၌ တက်ရောက် စေကြောင်း၊၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ် ထားရှိပြီးဖြစ်ကြောင်းနှင့် ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ သူစုစုပေါင်း(၃၁)ဦး ရှိပြီဖြစ်ကြောင်း မြို့ကိုဗစ်ကော်မတီထံမှသိရသည်။
မူမူ( ငွေဆောင်)