သတင်းများ

ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်သို့ ထွက်တိုင်းနှာခေါင်းစည်း (mask) မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ကို မြို့မဈေးနှင့် ကားဂိတ်များ၊ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ(၄၁)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူများနှင့် ထိစပ်သူ(၁၁၄)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ရာ(၄၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
Jul 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ ဆေးရုံ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆၇ ဦးထိရှိလာ
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၁ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၆၇ ဦး တွေ့ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  သိရသည်။
လိပ်သိုမြို့၌ နှာခေါင်းစည်း Mask  တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည် Mask  မဖြစ်မနေ တပ်ဆင်သွားလာရေး  အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က  တောင်ငူ-လိပ်သို ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင်မိုးနှောင်းချည်မျှင်ဝါ အထူးဇုံဧက(၁၀၀)အတွက် မျိုးစေ့နှင့် လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်
Jul 12,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးနှောင်းချည်မျှင်ဝါ အထူးဇုံ ဧက(၁၀၀)အတွက် ဝါမျိုးစေ့နှင့် လူးနယ်ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
Jul 12,2021
ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစီအစဉ်ဖြင့် သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်စ္စည်းများကို ယမန်နေ့၊ ညနေပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဈေးများ၊ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးမှူးရုံးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းကစ၍ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ဆေးဖျန်းစက်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။