သတင်းများ

တံတားဦးမြို့နယ် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအခမဲ့ထုတ်ပေး
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို မေ ၂၁ ရက် နံနက်ပိုင်းက တံတားဦးမြို့ မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့၌ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပေး ဆိုင်းဘုတ် စိုက်ထူ
May 21,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက်(၇)နာရီက မြင်းခြံမြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အမှတ်(၃)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းရှေ့တို့တွင် ပြုလုပ်သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက် ဖြင့်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား  ယနေ့နံနက်ပိုင်းက အမှတ်(၆၇၊ ၉၀၊ ၁၆၈) ရပ်ကွက်များတွင် တစ်ပြိုင်နက် တည်း တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်သည်။
တံတားဦးခရိုင်/မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြ
May 21,2026
မန္တလေးတိုင်းဒေသကြီးတံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တံတားဦးခရိုင်/မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ လက်တွေမီးငြိမ်းသတ်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။
တာလေမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကျင်းပ
May 21,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများအပိုဝင်ငွေရရှိစေရန် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ  ထုတ်ပေးလျက်ရှိ
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ မေလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၅) နာရီကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းအားကြည့်ရှု့အားပေး
May 21,2026
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးမှ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် Pilot Project (Football For School Program )အရ ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးသင်တန်းကို ယ​နေ့နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။