သတင်းများ

လသာမြို့နယ်၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေး ထိုးနှံ​ပေး
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် မူကြို​ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့ နံနက်(၈)နာရီအချိန်က ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအ​​ခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယ​မန်နေ့မွန်းလွဲ (၁)နာရီက စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံ
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade-12 ထိကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့နံနက်ပိုင်းကစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဉာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်၌ မိုးစပါးရာသီတွင် မိုးစပါး (၈၁၃၃၅)ဧက စိုက်ပျိုးရန်လျာထား
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန်ဧက (၈၁၃၃၅)လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၂ ရက်နေ့နံနက် ၉ နာရီချိန်က အမှတ်(၄)ရပ်ကွက်၊ အ.ထ.က (ပေါက်ခေါင်း)ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများတို့က ဆိုင်းဘုတ်အားစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြသည်။
မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် မေလ ၂၁ ရက်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။