ဇလွန် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယနေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက် နေရာချထားမှုအား တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါအောက်ဆီဂျင်စက်သည် ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီးဘေး ဗိုလ်ချုပ်လမ်း Lucky Point တွင်ထားရှိပြီး အောက်ဆီဂျင်စက်အမျိုးအစားမှာ (20Nm3) အမျိုးအစားဖြစ်ပြီး တစ်နေ့တာအောက်ဆီဂျင်ထွက်ရှိမှုမှာ 15Lအိုး ( 200 မှ 220) ခန့်ထွက်ရှိမည်ပြီး ထွက်ရှိလာသော အောက်ဆီဂျင်ကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)