သတင်းများ

ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင် များ အခမဲ့ဆက်လက် ငှားရမ်းပေးမည်
Aug 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင်လည်း ထပ်မံရောက်ရှိလျက်ရှိသော အောက်ဆီဂျင်အိုးနှင့် အရည်များကို မှတ်ပုံတင်မူရင်းနှင့်တကွ 20liter အိုး နှင့် 30 liter အိုးတစ်လုံးလျှင် (၂)သိန်းကျပ်နှုန်း ၊ 40 liter အိုးတစ်လုံးလျှင် (၃)သိန်းကျပ်နှုန်း Deposit (စရံငွေ) ယူ၍ ထပ်မံငှားရမ်းပေးမည်ဖြစ်ပြီး အောက်စီဂျင်အရည်လိုအပ်ပါကလည်း အခမဲ့ ဖြည့်သွင်းပေးကာ အောက်ဆီဂျင် အိုးများ ပြန်လည်အပ်နှံပါက မိမိတို့တင်ရှိထားသည့် Deposit (စရံငွေ) များကို ပြည်သူများထံ ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦး ထိုးနှံ ပြီး
Aug 16,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉၃၄)ဦးနှင့် သေဆုံးသူ (၆၅) ဦးထိ ရှိလာပြီဖြစ်
Aug 16,2021
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူ များနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ညနေအထိ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၉၃၄)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၄၁၅၅)ဦး ထိုးနှံပြီးစီး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုထောက်ပံ့
Aug 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် စာရင်းဇယားပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည်များတွင် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ဆန်နှင့် Maskများအား ဂုဏ်ပြု ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယ အကြိမ် ထိုးနှံပေးရမည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည် သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ကျောက်ပန်းတောင့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် အခြားဦးစားပေးအုပ်စုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ကျန်းမာရေးဌာနတို့၏ ကြီးကြပ်စီစဉ်မှုဖြင့် ဩဂုတ်(၁၅)ရက်နေ့ နံနက်(၈)နာရီက အသက်(၆၅)နှစ်နှင့် အထက်နှင့်သက်ကြီးဘိုးဘွားများနှင့် အခြားဦးစားပေးအုပ်စုဝင်များအား၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများဆက်လက် ထိုးနှံပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု စက်တင်ဘာ ဒုတိယပတ်တွင်အပြီးတည်ဆောက်သွားမည်
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အ‌ကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ၂၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာဒုတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်မျိုးဆက် ထံက သိရသည်။