သတင်းများ

လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများအား ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဆက်လက်ပို့ဆောင်
Aug 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၇၆)ဦးအား ယနေ့ နံနက်(၆)နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ တရားမဝင်ရွှေတုံးများ ဖမ်းဆီးရမိ
Aug 16,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၅ ရက် (၁၇:၁၀) အချိန် တရားမဝင်ရွှေတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သာစည်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားမည်
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့တွင် အောက်ဆီဂျင်လိုအပ်မှု ဖြည့်တင်းနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကြာကန်ရိပ်သာကျောင်းတိုက် ဆရာတော်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်ရုံတည်ဆောက်မည့်နေရာအား မြေနေရာပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများရှိ ဆေးသိုလှောင်ရုံ များသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများရှိ ဆေးသို့လှောင်ရုံများသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် စစ်ဆေးရေး အဖွဲ့ဝင်များက ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေး
Aug 16,2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှတာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။