သတင်းများ

တံတားဦးမြို့နယ်တွင် အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် အလှူငွေများလှူဒါန်း
Aug 17,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးကော်မတီ အသီးသီးထံသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းကြကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအား စစ်ဆေး
Aug 17,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့တွင်း ရောင်းချလျှက်ရှိသောဆေးဆိုင်များအား ဩဂုတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး တို့အတွက် စစ်ဆေးခဲ့သည်။
ကလေးမြို့တွင် သံဃာတော်များ၊ ခရစ္စယာန်ဂိုဏ်းပေါင်းစုံသင်းအုပ် ဆရာတော်များ၊ အသက်(၆၀)ကျော် သက်ကြီး ဘိုးဘွားများ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေး
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ဆရာတော်သံဃာတော်များ၊ ခရစ္စယာန် ဂိုဏ်ပေါင်းစုံ သင်းအုပ်ဆရာ၊ ဆရာမ များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မဟာစည်သာသနာ့ ရိပ်သာ၊ မြို့နယ်စုပေါင်းရုံး (OSS)၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်း ကျောင်း အမှတ်(၂) တို့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် သံဃာတော်များအပါအဝင် ၊ဒေသခံပြည်သူများနှင့် နီကယ်စက်ရုံဝန်ထမ်း (၉၀၂)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံ
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ မြို့နယ်အ-ထ-ကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတု ကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ တရုတ်နိုင်ငံထုတ်( Sinopharm )  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ သံဃာတော်များအပါအဝင်၊ ဒေသခံ ပြည်သူများနှင့် နီကယ် စက်ရုံဝန်ထမ်း (၉၀၂)ဦးသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ လာရောက်ထိုးနှံလျက်ရှိကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre တွင် ရွေ့လျားကွန်ပျူတာသုံး ဓါတ်မှန်စက် ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး
Aug 16,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင် တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre ရှိ ဘားအံဆောင်တွင် ကိုဗစ်-၁၉ လူနာများအား ရောဂါအဆင့်သတ်မှတ်ရာ၌ မရှိမဖြစ်လိုအပ်သည့် ရွေ့လျား ကွန်ပျူတာသုံး ဓါတ်မှန်စက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၄င်းဓါတ်မှန်စက်ဖြင့် ပိုးတွေ့လူနာများကို အချိန်တိုအတွင်း ရောဂါအဆင့် သတ်မှတ် နိုင်မည်ဖြစ်သည့် အတွက် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထူးထိရောက်မှု ရှိစေမှာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကြပ်မတ်ဆောင်ရွက် ပေး ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် သံဃာ‌‌တော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်(၇)နာရီအချိန်ကစ၍ နေ့၁၁နာရီအချိန်ထိ မြို့နယ်အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၈ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၄ ဦး ဆေးရုံ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၁၃ ဦးရှိလာ
Aug 16,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ ၄ ဦး အား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၁၃ ဦးရှိ ကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာန)နှင့် အထက တို့တွင် နှစ်နေရာခွဲပြီး ထိုးနှံပေးလျက်ရှိသည်။