ကိုကိုးကျွန်း အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဦးငြိမ်းဝေယံမှ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းဆက်ဦးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်စီးခြင်းနှင့်ပတ်သက်၍ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ် ဥပဒေများအကြောင်းကို အများပြည်သူလူထုသိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်းအင်အား (၅၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန် ဆက်)