ညောင်ဦး အောက်တိုဘာ ၂၆
ညောင်ဦးခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့်အတူ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ ညောင်ဦးခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေးစစ် ဆေးရေးကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် မြေနဲလေးကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ တုရင်းတောင်စိမ်းလန်းစိုပြည်ရေးစီမံကိန်း ဒုတိယနှစ် ဆောင်ရွက်သည့် (၄")မြေအောက် ရေ(အဝီစိတွင်း) ၇၀၀ ပေတူးဖော်ခြင်းလုပ်ငန်း၊ 7.8KW ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် ၂ ကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း ပေ ၉၀၀၀ လုပ်ငန်း၊ ပုဂံ-ညောင်ဦးလေဆိပ် ဖွံ့ဖြိုးရေးအနေဖြင့် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားနေရာတိုးချဲ့ခြင်း၊ နိုင်လွန်ကတ္တရာထပ်ပိုး လွှာခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသည့် မြို့နယ်ခန်းမပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပုဂံခေတ်မူဟန်အတိုင်း ပြည်လည် ဖော်ထုတ်တည်ဆောက်သော ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သည့် မဟာရာဇသီရိအနိရုဒ္ဓဒေဝ အနော်ရထာမင်းကြီး၏ သိရီဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ပုဂံ-ညောင်ဦး လေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ်အဝင်လမ်း (လမ်းသစ်) ၇.၆၈၄ ကီလိုမီတာမှ ၈.၆၈၇ကီလိုမီတာ အထိ(၁.၀၀၃ကီလိုမီတာ)အရှည်၊ ၁၂.၁၉မီတာအကျယ် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် နန်းတော်ရာအဟောင်းတွင် သန့်ရှင်းရေးဆောင်ရွက်မှုနှင့် လုပ်ငန်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တည်ဆောက်ရန်ကျန်ရှိမှုနှင့် အရည်အသွေးကောင်းမွန်ရေးဆောင်ရွက်ကြရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း