သတင်းများ

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား စတုတ္ထအသုတ်မှ ဒုတိယအကြိမ်၊ ပဉ္စမအသုတ်မှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၉၆)ဦးအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့တွင်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၉၆)ဦးအားယမန်နေ့မွန်းလွဲပိုင်းကကြံခင်းမြို့နယ်သာသနာ့ဗိမာန်စုရပ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovace )(ပထမ)အကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေး ပင်စင်ထောက်ပံ့ငွေ ပေးအပ်
Dec 23,2021
မန္တလေးတိုင်းဒေသကြီး    သာစည်မြို့နယ်တွင်    အသက် ၈၅ နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ပေးသော အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ငွေ  ပေးအပ်ပွဲကို   ယနေ့နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြား သည်။
ဒေးဒရဲမြို့နယ်အတွင်း လူဦးရေစာရင်း ကြိုတင်ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အတွင်း လူဦးရေစာရင်း ကြိုတင်ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် (၂)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စု လူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီအချိန်တွင် အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ဖျာပုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်( ၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြသ ခြင်းကိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ယနေ့နံနက်(၁၀)နာရီအချိန်ကကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများနှင့်အညီပြုလုပ် ကျင်းပကြသည်။
သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်
တိုက်ကြီးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသော ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေး အသိပေးနှိုးဆော်
Dec 23,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉.၁၂.၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်ထားသော အသိပေးကြေညာချက်အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။