သတင်းများ

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 14,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Dec 14,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ အသိပညာပေး  နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 14,2021
ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိလာစေရန်၊  ကလေးအလုပ် သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် အသိ ပညာများကို သိရှိနိုင်ရန် ရည်ရွယ်၍ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၌ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ကျောင်းသား/ကျောင်သူများ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ပညာသင်ကြားလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလာသည့်အတွက် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ပြီး ယမန်နေ့မှ စ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် အေးချမ်းစွာ ပညာသင် ကြားနေပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု၂၅၉၇၉၄ ဦး ထိုးပေးနိုင်ပြီဖြစ်
Dec 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၂၅၉၇၉၄ ဦး ထိုးနှံ ပေးခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ရေတာရှည်မြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ပိုးကရင်ဘာသာ မြန်မာဘာသာဖြင့် အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်(omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်(Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။