သတင်းများ

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌နယ်တွင် အသက်   ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့်  နေ့စဉ် (တနင်္ဂနွေနေ့မှလွဲ၍) ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား  ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့် သူများကို ကွန်ဖြူးရှပ်ကျောင်း၌လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများကို မြို့ကျက်သရေဆောင်ခန်းမတွင်လည်းကောင်းခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံ
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက ကသစ်တိုင်းအုပ်စု၊ လေးဆူးတန်းဓမ္မာရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်ခြား ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်း ခန်းမ၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ် (ပထမ) အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားနည်းပြုလုပ်
Dec 14,2021
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ  အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်  ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေးစာဖတ်ခန်းတွင်  ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်  အားကစားနည်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပုလောမြို့နယ် ၊ ပ‌‌‌လောက်မြို့၊ပြည်ခြားကျေးရွာ၌ မီးဘေးသင့်နေအိမ်တစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌  မီးဘေး သင့် နေအိမ်တစ်လုံးအတွက်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃) နာရီခွဲက  ပုလောမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး  ဦးဝင်းသိန်းနှင့်အဖွဲ့ တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း Agricultural Product Processing Center အား သွားရောက်ကြည့်ရှုစစ်ဆေး
Dec 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ (၁၂) ရက် မွန်းလွဲပိုင်းက ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းကျေးရွာရှိ Agricultural Product Processing Center အား သွားရောက်ကြည့်ရှုစစ်ဆေး​ရာ ပရော့ဂျက်အင်ဂျင်နီယာတစ်ဦးမှ အဆောက်အဦ ပြီးစီးမှု (၇၅) ရာခိုင်နှုန်းနှင့် အဆောက်အဦကို ၂၀၂၂ ခုနှစ် မေလ (၁၅) ရက် နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိနိုင်ရေး လိုက်လံနှိုးဆော်ပေးလျက်ရှိ
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး Hand Speakerဖြင့် အသိပညာပေးနှိုးဆော်မှုကို ယနေ့နံနက် ၉နာရီခွဲ အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။