သတင်းများ

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူ မိဘပြည်သူများအား  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက်အလက်များအား  အသိပေးခြင်း ဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူ မိဘ ပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း(၈)နာရီ အချိန်က Hand Speaker ဖြင့် နှိုးဆော်ခဲ့ကြသည်။
ရှမ်းရွာသစ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း (၉) နာရီအချိန်က လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝက်လက်မြို့၌ ကုလားပဲ စိုက်ခင်းများတွင် ဥကပ်ပါးနဂျီ လွှတ်ခြင်းနှင့် သဘာဝပိုးနှင့် မှိုရောဂါ ကာကွယ်ဆေး ပေးအပ်
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ရုံးသာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကွင်းအမှတ် ၃၄၇၅ ရှိ တောင်သူ ဦးမြင့်ဇော် နှင့် ဦးဇော်မျိုးနိုင် တို့၏ ကုလားပဲ စိုက်ခင်း ၅ ဧက တွင် ပိုးမွှားကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနဂျီ လွှတ်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
ဟိုပင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်မှတ်တမ်းဓါတ်ပုံများအား နံရံကပ်စာစောင်ပြသ
Dec 17,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ် တို့ကို ဟိုပင်မြို့ရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကမမောင်းမြို့တွင်အိမ်တွင်းဘူး ပင်များစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစား၀တ်နေရေးအဆင် ပြေလျက်ရှိ
Dec 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဒေသခံပြည်သူများအနေဖြင့် စားပင်သီးပင်များ ကိုအဓိထား စိုက်ပျိုး‌ရောင်းချလျက်ရှိရာ အိမ်တွင်းဘူးပင်များစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စား၀တ်နေရေးအတွက်အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ပန်ဆိုင်း (ကြူကုတ်) မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Dec 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော် ခြင်းမျာကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသ
Dec 17,2021
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်း ပိုစတာ ချိတ်ဆွဲပြသထားခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲဆောင်ရွက်
Dec 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။