သတင်းများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကော့ကရိတ်မြို့မအားကစားကွင်း၌ ကျင်းပသည်။
ကသာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌၊ ကသာခရိုင်အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကသာမြို့ မီတာ(၄၀၀) အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 03,2022
(၇၄)နှစ်တိုင်ခဲ့ပြီဖြစ်သော လွတ်လပ်ရေးနေ့ကို လူငယ်မောင်မယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က လိပ်သိုမြို့ အထကကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာ၊ အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာစျေး၊ စျေးဆိုင်များ၊ လမ်းသွားလမ်းလာ ပြည်သူများထံ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပ
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မတ္တရာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်
Jan 03,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) ၁/၂၀၂၂ သင်တန်းကို ယနေ့နံနက် ၉ နာရီက ရေနံ့သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ် မီးသတ် စခန်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ် ခဲ့သည်။