သတင်းများ

မဘိမ်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက် ၈ နာရီအချိန်က မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့် နေရာများ တွင် ဖြန့်ဝေခဲ့ သည်။
ပုံပါကျင်မြို့တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ဒေသခံပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲများ တတိယနေ့အဖြစ် ဆက်လက်ကျင်းပ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲများကို တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းက ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့သည်။
ပန်း​တောင်းမြို့နယ် အားကစားခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 03,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို အားကစားခန်းမ၌ ဇန်နဝါရီ ၂ရက် ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့၌ (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တလိုင်းခုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၇၄ နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အထက(မိုးနဲ)၊ ပုလဲဆောင်ခန်းခ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက် ခဲ့သည်။