သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သင်္ဃကျွန်း ဇန်နဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး အမျိုးသားရေး ဦးတည်ချက် များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေး အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်ကောက်နုတ်ချက်၊ မြန်မာ့ လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ စသည့် အကြောင်းအရာများ ပါဝင်ခဲ့ပြီး သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင် ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)