(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ကော့ကရိတ်   ဇန်နဝါရီ    ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နေ့ မွန်းလွဲ(၁)နာရီအချိန်က ကော့ကရိတ်မြို့မအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ အားကစားပြိုင်ပွဲများဖြစ်သည့် အာလူးကောက် ကျား/မ ပြိုင်ပွဲ၊  မီတာ(၅၀) ကျား/မ အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ကျား/မပြိုင်ပွဲ၊ ဗန်းရွက် ကျား/မပြိုင်ပွဲနှင့် ဇွန်းကိုက် ကျား/မ ပြိုင်ပွဲများတွင် အမက (၅)ကျောင်းမှ   ကျောင်းသား/သူများက အသီးသီးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက် မြက်လာစေရန် ရည်ရွယ်၍ အဆိုပါ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရ သည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)