လိပ်သိုမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လိပ်သို    ဇန်နဝါရီ  

(၇၄)နှစ်တိုင်ခဲ့ပြီဖြစ်သော  လွတ်လပ်ရေးနေ့ကို   လူငယ်မောင်မယ်များ၊  ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က လိပ်သိုမြို့ အထကကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များအား   အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်   သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်၊  အမျိုးသားညီညွတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း၏   (၂၀..၁၉၄၆) ခုနှစ် အလယ်ပစ္စယံ ညီလာခံ၌  ပြောကြားသောမိန့်ခွန်း   ကောက်နှုတ်ချက်၊ မြန်မာ့ လွတ်လပ်ရေး  ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော   စာချုပ်များ၊   လွတ်လပ်ရေးကို ကာကွယ်ရမယ်( ..၁၉၄၈)  ခုနှစ်  ပထမဆုံးသော  လွတ်လပ်ရေးအခမ်းအနားတွင်  ဝန်ကြီးချုပ်ဦးနု  ပြောကြားခဲ့သည့်  မိန့်ခွန်းမှ  ကောက်နှုတ်ချက်၊   ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  နို်ငငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ () လပြည့်  နို်ငငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍  ပြောကြာသည့်မိန့်ခွန်းမှ  ကောက်နှုတ် ချက်)၊ တို့များဆင်မြန်းလွတ်လပ်ပန်း (ကဗျာ) ပညာပေးကာတွန်းနှင့်   လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်အားနှင့် ကာကွယ်ပါ  အစရှိသည့် ပညာပေးအကြောင်းအရာများပါဝင်သော  သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ ကြောင်း  သိရသည်။

မြို့  (ပြန်/ဆက်)