ပန်း​တောင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများကို  မူလတန်းအဆင့်တွင် ဂုန်နီ အိတ်စွပ်၊ မီတာ ၅၀ အပြေး၊ အာလူးကောက်နှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်း အဆင့်တွင် စာစီစာကုံး၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများကို ဇန်နဝါရီ ၄ ရက်တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရ သည်။

သင်းသင်းအေး (ပြန်/ဆက်)