သတင်းများ

မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်
Aug 12,2025
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရန်နှင့် မြို့နယ်အတွင်းရှိ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ် ပွားစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာ ကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင်းမှ ဆန်စက်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နေ့လယ် (၂)နာရီအချိန်တွင် မြို့နယ်တွင်းရှိ ဆန်စက်များသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ ကျင်းပ
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဒေသတွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် သင်တန်းများမှ လုပ်ငန်းထူထောင်မည့်သင်တန်းသူများအား  လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ မင်းဘူးမြို့နယ်အတွင်း ရေနံနှင့် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Aug 12,2025
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူးမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေနံနှင့် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှုလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 12,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ အများပြည်သူ အသုံးပြုသည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးတိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။