လပွတ္တာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာကို ရာနှုန်းပြည့် သင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်ကစ၍ ကျောင်းများစတင်အအပ်လက်ခံလျက်ရှိကြောင်း သိရသည်။