သတင်းများ

ကရသူရိမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊သူများ၏ ကျောင်းအပ်လက်ခံခြင်းကို ‌မေ ၂၅ ရက် နံနက် ၉ နာရီမှစ၍ အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းစာသင်ခန်းများ၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံလျက်ရှိ
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းအပ်နှံခြင်းကို  အခြေခံပညာကျောင်းများတွင်  မေလ ၂၅ ရက် နေ့  နံနက် ၉ နာရီမှ စတင်၍ ဆရာ/ဆရာမများမှ  စာရင်းသွင်း၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်၌ KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲပြီးမြောက်မှု အခမ်းအနား ကျင်းပ
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ ပြီးမြောက်မှု အခမ်းအနားကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများက ယနေ့ နံနက်ပိုင်းက စတင်၍ လာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းများ စတင် လက်ခံလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက  အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် မြို့မ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ
May 25,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီးဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိ
May 25,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။