သမဝါယမကောလိပ် (မန္တလေး) ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Year- End Student Activity Showcase အခမ်းအနားကျင်းပ
Aug 12,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ်(မန္တလေး)၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Year- End Student Activity Showcase အခမ်းအနားကျင်းပခြင်းကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။