အမရပူရမြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်
Aug 12,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် စာရေးဆရာ ပြည့်ဆွေ (နတ္တလင်း)၏ စာအုပ်လှူဒါန်းပွဲ အပြီးတွင် စာရေး ဆရာများနှင့် စာပေချစ်သူများ ပူးပေါင်း၍ တက္ကသိုလ်ဘုန်းနိုင် ရေးသားထားသော တပြည်သူမရွှေထား စာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။