သတင်းများ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ
May 26,2026
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်(၃) (Yangon Region Hluttaw Capacity Building Programme -3) ဖြင့် စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Media Corner ၌ ယမန်​နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ​​ကျောင်းသား​၊ ကျောင်းသူများ​   ကျောင်းအပ်စတင်လက်ခံရာ   မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
May 26,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေးလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းမှ တက်ရောက်အားပေးသည်။
ညောင်တုန်းနယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိသည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှု စတင်လက်ခံ
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယမန်နေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။    
ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 26,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ  ကျောင်းသား၊ ကျောင်းသူများအား  အခမဲ့ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် စပါးအထွက်နှုန်းတိုးစေရေးနှင့် ဈေးကွက်သို့တင်ပို့နိုင်ရေး နွေစပါး၊ မိုးစပါးစိုက်ပျိုးသောတောင်သူများနှင့်တွေ့ဆုံဆွေးနွေး
May 26,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများသည် စပါးအထွက်နှုန်းတိုးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ နွေစပါး၊ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အရွှဲကျေးရွာ၌ ပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့၌ ၂၀၂၆-၂ဝ၂၆၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က (၁) ကျောင်း မဥ္ဇူသကခန်းမ၌ မေလ(၂၅)ရက် နံနက် (၉) နာရီတွင် ကျင်းပသည်။
မုံရွာမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ‌ထုတ်ပေး
May 26,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းဦးဆောင်သော ဝန်ထမ်းများသည် မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Comniunity Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာစကားပြော Four skill သင်တန်းသား/သူ များ၊ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းသား/သူများနှင့် ပြန်/ဆက် ဝန်ထမ်းမိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ‌ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။