သတင်းများ

ပေါက်ခေါင်းမြို့၌ အသိပညာ‌ပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြသ
May 22,2025
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်နေပြည်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး
May 22,2025
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရန်နှင့်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ဆဋ္ဌမ)အကြိမ် ပြန်လည်ထုတ်ချေးခြင်းကို မေလ ၂၁ ရက်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မွတ်သားကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်
May 22,2025
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ
May 22,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို မေလ ၂၁ ရက်နေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်စတင်လက်ခံ
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်များတွင် ယနေ့နံနက်(၉း၀၀) နာရီအချိန်မှစတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီမှူးရုံး သင်တန်းခန်းမတွင်စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 22,2025
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိ
May 22,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး)ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
May 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး)ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။