သတင်းများ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်
Jul 03,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ အဆိုပါ အဆောက်အဦ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မိုးကုတ်မြို့နယ်၌ မိုးရာသီမုတ်သုံဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jul 03,2022
မိုးကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ မုတ်သုံဖလားဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မိုးကုတ်မြို့ ပတ္တမြားမြေ ဂေါက်ကလပ် ဂေါက်သီးရိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဗိုလ်တထောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “စာပေမှရရှိသောအသိပညာ” ဆွေးနွေးပွဲ(TalkShow)ဆောင်ရွက်
Jul 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ၊ စာပေမှရရှိသော အသိပညာများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ( ၁ဝး၀၀) နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲ (Talk Show)ကျင်းပ ပြုလုပ်ခဲ့သည်။
ခန္တီးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jul 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြိုကျောင်းမှ ဆရာမများနှင့် မူကြိုကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌  လိုအပ်သော ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်
Jul 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာ အဖွဲ့မှ ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌ လိုအပ်သောဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဟိုပုံးမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာအနီး မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
မလှိုင်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလှူငွေလှူဒါန်းပြီး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်
Jul 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဇွန်လိုင်လ(၃)ရက်နေ့၊ မြန်မာအမျိုးသမီးများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်(၅)နာရီအချိန်မှစတင်၍ ကုသိုလ်ဒါနနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)ရှိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 03,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့