သတင်းများ

ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊(၉၂)ရပ်ကွက်၊ သုတအလင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Jul 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက် သုတအလင်းစာကြည့်တိုက်ကို  ယနေ့နံနက်( ၉:၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ဘုရားရင်ပြင်သန့်ရှင်းရေးပြုလုပ်ခြင်းများဆောင်ရွက်
Jul 03,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့ကျောင်း)သို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ရွှေမုဌောဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ခေါဇာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jul 03,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ် ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
ပဲခူးမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ခရိုင်အဆင့် (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အ.ထ.က (၅) သီရိပညာခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင် အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာနCommunity Centre ၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်း ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်သင်ကြား
Jul 03,2022
 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်းများ ဗီဒီယိုသတင်းများ ရိုက်ကူးတည်းဖြတ်ပေးပို့ရာတွင် အရည်အသွေးများ ယခင်ကထက် ကောင်းမွန်ပြည့်စုံမှုရှိစေရေးအတွက် ရန်ကုန်အ​နောက်ပိုင်း ခရိုင်(ဗဟန်း)၊လူထုအ​ခြေပြုဗဟိုဌာန Community Centre၌  မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဒုတိယနေ့ကို ယ​နေ့နံနက်(၁၀)နာရီက  ဆက်လက်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ 
မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ
Jul 03,2022
၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ
Jul 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌‌သောအားဖြင့် Online Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာ‌ကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 03,2022
၂၀၂၂-ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် (၂၆)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေး ” ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်မျာနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။