ကံမမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂-ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက အလယ်ချောင်းကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၆/၁ အနီး မဒေးကြိုးပြင် ခုတ်ကွက် အမှတ်(၁၀၂)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။