ညောင်လေးပင်မြို့ရှိ မုက္ခမူချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
Jul 03,2022
ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် လူတစ်ဦးချင်း ဝင်ငွေတိုးတက်စေရေး၊ တစ်ပိုင်တစ်နိုင်ဟင်းစားရရှိရေး တို့အားရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ညောင်လေးပင်မြို့ မုက္ခမူကျေးရွာရှိ မုက္ခမူချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။