သတင်းများ

မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်
Jul 11,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Jul 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
မဘိမ်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cpmmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ်၊ နဝမတန်းအောင်မြင်ပြီး ကျောင်းပြန်မအပ်နိုင်၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများနှင့် တွေ့ဆုံဆွေးနွေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (လှေကြီးတတ်)၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌တွင် ကျရှုံးသူများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ်၊ နဝမတန်းအောင်မြင် ပြီး ကျောင်းပြန် မအပ်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊‌ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ နှင့် တွေ့ဆုံရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးဆောင်ရွက်ကြသည်။
ဝမ်းတွင်းမြို့တွင် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၈) နာရီအချိန်မှ စတင်ကာ မြို့နယ်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အမှတ်(၃၈၇)အမြောက်တပ်ရင်း၌ ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၃၈၇) အမြောက်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့်ဇနီးတို့မှကြီးမှူး၍ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်မိသားစုများမှ သံဃာတော်အရှင်သူမြတ်တို့အား မြတ်သောကာလဒါနဖြစ်သည့် ဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီခွဲက အဆိုပါတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့ပေါ် (ခ) ရပ်ကွက်နှင့် (ဃ) ရပ်ကွက် ဆက်သွယ်ထားသော အာဇာနည်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းတို့ကိုဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ် (ခ) ရပ်ကွက်နှင့် (ဃ) ရက်ကွက်အတွင်း ဆက်သွယ်ထားသောအာဇာနည်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါးစတင်စိုက်ပျိုး
Jul 11,2022
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယနေ့နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွား မျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွေး မိုးစပါးစတင်စိုက်ပျိုးကြောင်း သိရသည်။