သတင်းများ

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ
Jul 10,2022
သာသနာတော်နှစ်-၂၅၆၆ခုနှစ် ကောဇာသက္ကရာဇ်-၁၃၈၄-ခုနှစ်၊၂ဝ၂၂ခုနှစ်၊ဇူလိူင် ၁၀ရက် နံနက်(၅)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ဗုဒ္ဓဟူးညနေ တန်ဆောင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၈၄ ဦး မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဆက်လက်ဝင်ရောက်
Jul 10,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၈၄ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သာသနာ့ရိပ်သာရပ်ကွက်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Jul 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာ ရပ်ကွက်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်  ကြည့်ရှုအားပေးပြီး ဓာတ်မြေသြဇာများ ထောက်ပံ့ပေး
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာနှင့် ကြာဖြူကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူပေါင်းပြီး  တစ်ဧကလျှင်  တင်း (၁၀၀) အထက် ထွက်ရှိရေး ဆောင်ရွက်လျက်ရှိရာ
ပုသိမ်မြို့တွင် မြို့နယ်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ
Jul 10,2022
၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Jul 10,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည်     ဗန်းမော်ခရိုင်၊    လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ္မတူတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်
Jul 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဟင်္သာတမြို့နယ်ရှိ ပြိုင်ပွဲဝင်များ ပဏာမအစမ်းလေ့ကျင့်
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်  ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်များ တစ်လတာ စခန်းသွင်းလေ့ကျင့်ပြီးစီးမှု အခမ်းအနားနှင့် ပြိုင်ပွဲဝင်အစမ်းလေ့ကျင့်မှုကို ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။