သတင်းများ

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) အကြို အဖိတ်နေ့တွင် နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဈေးရောင်းသူ၊ ဝယ်သူများဖြင့် စည်ကား
Jul 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝါဆိုလပြည်နေ့ (ဓမ္မစကြာနေ့) အကြိုအဖိတ်နေ့ ယနေ့နံနက်ပိုင်းတွင် နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ တောင်တန်းသာ သနာပြုရဟန်းတော်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆား နှင့် စားသာကုန်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်း၏ (ဆဋ္ဌမအကြိမ်)တောင်တန်းသာသနာပြု ရဟန်းတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က ရပ်တော်မူထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အနန္တဂုဏ်ရည်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သာမဏေများ ဆွမ်းဆန်တော် ခက်ခဲမှုမရှိစေရန် ရည်ရွယ်၍
ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း၊ ဆောင်ရွက်
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက် ငှားရမ်းပေးခဲ့သည်။
မိုင်းပျဉ်းမြို့ အထကကျောင်း၌ ဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပင့်သံဃာတော်အရှင်မြတ်တို့အား ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီက အဆိုပါကျောင်း ကမ္ဘောဇဘုရားခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jul 11,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းနိုင် ဦးဆောင်သော ကျန်းမားရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ကွင်ဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စီမံကိန်း စီမံခန့်ခွဲမှု(AVIP)သင်တန်းဖွင့်လှစ် 
Jul 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်  ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းစီမံခန့်ခွဲမှု(AVIP) သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအစည်းအဝေး   ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို)ဟောပြောပွဲ ကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။