သတင်းများ

နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်
Jul 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jul 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်း၍ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃ နာရီခွဲအချိန်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံး ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအားတွေ့ဆုံ
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက် ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ‌တွေ့ဆုံခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Jul 11,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၃၂၄) ခြေမြန်တပ်ရင်းရှိ အောင်စစ်သည်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီဗူးများတွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ‌သော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီဗူးများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်သည်။
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
မိုင်းခတ်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။