အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 14,2022
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများကို သိရှိနိုင်စေရန် ရည်ရွယ်သည့် အသိပညာပေးဟောပြောပွဲကို အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ မြန္ဒာခန်းမဆောင်တွင်ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။