ကျောက်တံတား ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရရှိမှုနှင့် ရန်ပုံငွေရရှိမှုကို ဝိုင်းဝန်းကူညီပေးစေလိုကြောင်း၊ မိမိတို့မြို့နယ်တွင် အဆိုနှင့်အက ဝါသနာရှင်များ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်းနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှလည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းကော်မတီကို အဖွဲ့ဝင် (၁၁) ဦးဖြင့်ဖွဲ့စည်း၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ပတ်သက်၍ အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေဇင်ခိုင် (ပြန်/ဆက်)