သတင်းများ

ညောင်လေးပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အထက (၂) ပြွန်တန်ဆာ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတို့အား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး
Jul 14,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၈)နာရီခွဲအချိန်က ထိုးနှံပေးခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 14,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက်လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းများကို မြို့နယ်သာသနာ့ဗိမာန် တော်ကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာ မီးသတ်ဦးစီးဌာနမှ ခုတ်ထွင်ရှင်းလင်း
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ကျွန်းစုကျောင်းအတွင်း၌ ခရေပင် ပြိုလဲခဲ့ရာ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ရပ်ကွက်ကျေးရွာများမှ ဝါဆိုပန်းများ လာရောက်ကပ်လှူပူဇော်
Jul 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ယမန်နေ့ညနေပိုင်း (၆)နာရီအချိန်တွင် မန်မိုင်ရပ်ကွက်၊ မိုးဂဲလ်ရပ်ကွက်၊ ငွန်ဆိုင်းကျေးရွာ၊ ဗောဓိကုန်းရပ်ကွက်၊ မန်ခိုက်ရပ်ကွက်များမှ လူငယ်လူရွယ်များက ဝါဆိုပန်းများ လာရောက်ကပ်လှူပူဇော်ကြသည်။
ဖျာပုံမြို့၌ Door to Door စနစ်ဖြင့် အမှတ်(၁၅)ရပ်ကွက်သို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ​ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အမှတ် (၁၅)ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ၇၅နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 14,2022
၇၅နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။