သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး ငွေကျပ် ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးပြီးဖြစ်ကြောင်းသိရ
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် နှစ်စဉ်မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေလတတိယပတ်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့အထိ ချေးငွေစုစုပေါင်း ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ရေပြင်အသက်ကယ် သရုပ်ပြပွဲကျင်းပ
Jul 22,2022
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ သဘာတဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ရေပြင်အသက်ကယ်သရုပ်ပြပွဲကို ကန်ကြီးထောင့်မြို့ ​အမှတ်(၁) ရပ်ကွက် ကမ်းနားလမ်းရှိ ရေဆင်း တံတားက ဒက်ချောင်း၌ ယမန်နေ့ မွန်းလွဲ (၃ )နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ် (၄၇) ရပ်ကွက်ဓမ္မာရုံ၊ အမှတ်(၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊ (၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်နှင့် ACE၊ ခေတ်သစ်စံ၊ စံမြင့်မော်ကိုယ်ပိုင်ကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရ သေးသည့် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်းများဆောင်ရွက်
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်ရှိ ကာကွယ်ဆေး မထိုးနှံရသေးသူ ကျောင်းသား/သူ (၅၄၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinopharm ပထမအကြိမ် ထိုးနှံပေး
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မှ ကျောင်းသား/သူ (၅၄၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် ၄ ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ဆောက်လုပ်မှုအခြေအနေ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက်က တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ဆိပ်သာလေး ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမု ချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ) တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည် ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၂၃)ဦးတို့၏ ပင်စင် လစာငွေများ ပုံမှန်ထုတ်ပေး
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိသည်။