ကန်ကြီးထောင့် ဇူလိုင် ၂၂
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ သဘာတဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ရေပြင်အသက်ကယ်သရုပ်ပြပွဲကို ကန်ကြီးထောင့်မြို့ အမှတ်(၁) ရပ်ကွက် ကမ်းနားလမ်းရှိ ရေဆင်း တံတားက ဒက်ချောင်း၌ ယမန်နေ့ မွန်းလွဲ (၃ )နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် ရေပြင်အသက်ကယ်သရုပ်ပြပွဲကို ပြုလုပ်ထားခြင်းဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက ကာကွယ်နိုင်မည့် နည်းလမ်းများကို သိရှိလာနိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ ရေပြင်ကယ်ဆယ်ရေးသရုပ်ပြ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေပြင်အသက်ကယ် သရုပ်ပြပွဲကို စတင်ခဲ့ရာ ရေနစ်သူအား Bout ကွင်းဖြင့် ကယ်ဆယ် ခြင်း၊ ရေနစ်သူအား အသက်ကယ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ခြင်း၊ ရေနစ်သူအား အသက်ကယ် တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ခြင်း၊ ရေငုပ်ဝတ်စုံ Dive Soit အသုံးပြု၍ ရေငုတ်ရှာဖွေခြင်း၊ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေကူးကျွမ်းကျင်မှု သရုပ်ပြခြင်း၊ ကယ်ဆယ်ရေးစက်လှေ (Assault Boat) ဖြင့် မောင်းနှင် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)