ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ဆောက်လုပ်မှုအခြေအနေ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ကန်ကြီးထောင့် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက်က တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ဆိပ်သာလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမု ချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ) တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည် ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က တံတားအရည်အ‌သွေး ပြည့်မီရေးနှင့် တည်‌ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီး‌ အောင် ဆောင်ရွက်နိုင်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မဇင်(ပြန်/ဆက်)