သတင်းများ

သံတောင်ကြီးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးတိုက်ကျွေး
Aug 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ ကြောင်းသိရသည်။
သံပုရာပင် စိုက်ပျိုးဖြစ်ထွန်း၍ သံပုရာသီးအား ဈေးကောင်းရရှိ
Aug 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံမိဘပြည်သူများသည် မိသားစု စားဝတ်နေရေးအတွက် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ သံပုရာပင် စိုက်ပျိုးသူများက သံပုရာပင်စိုက်ပျိုးဖြစ်ထွန်း၍ အသီးအား ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 05,2022
ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းနှင့်မြို့နယ်(Book Club)အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စိတ်ဓာတ်ခွန်အားဖြည့်ရသစာစုများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းများ ဆောင်ရွက်
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမြေ (၅၀၀) ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး နွားတက်(ခွဲ)မြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်
Aug 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  စိုက်ပျိုးသီးနှံများအောင်မြင်စေရေး လိုအပ်လျက်ရှိသည့် ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး မြောင်းကြမ်းပြင်နှင့် မြောင်းနှုတ်ခမ်းများအား
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်‌မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Aug 05,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်မြင့်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ ညံတောအင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အမရပူရမြို့နယ်အတွင်းရှိ ဝါဆိုသံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားပြုလုပ်
Aug 05,2022
အမရပူရခရိုင် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တွင် အမရပူရ မြို့နယ်အတွင်းရှိ ဝါဆိုသံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆို ပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
Aug 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများမိမိတို့ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အခမ်း အနားမှူးအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။